ကမာရွတ်မြို့နယ်တွင် ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းကတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ က အ.ထ.က (၁) ကမာရွတ်တွင် ကျောင်းသူများကို ကျန်းမာရေးဝန်ထမ်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကိုထိုးနှံပေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။