မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသောကျောင်းသား၊ကျောင်းသူ (၁၅၀)ဦးအား(Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

မိုင်းငေါ့ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်  (၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျောက်စိမ်းခန်းမတွင် မိုင်းငေါ့ မြို့ပေါ်ကျေးရွာရှိ အ.ထ.ကကျောင်း အ.လ.က ခွဲ (၁)ကျောင်း နှင့် အ.မ.က ကျောင်း (၃)ကျောင်း စုစုပေါင်း စာသင်ကျောင်း(၅)ကျောင်းတို့မှ ဆေးထိုးနှံရန်ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သည့်အချက်အလက်စာရင်းများအား ဖြည့်သွင်းပြုစုမှတ်တမ်းတင်ခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊‌ သွေးပေါင်ချိန်တိုင်းခြင်၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးထိုးနှံပြီးပါက နာရီဝက်စောင့်ဆိုင်းစေခြင်းများကို စနစ်တကျဆောင်ရွက်ထားကြောင်း  သိရသည်။   

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် မိုင်းငေါ့မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်‌ရေးမှူး ဦးကြည်စိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲများ၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီးဒေါ်သီသီမြင့်နှင့် ဆရာ/ဆရာမများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့‌ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်ဆက်)