ငါးသိုင်းချောင်း ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ညနေပိုင်းကသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show)ကျင်းပခဲ့ကြောင်း သိရသည်။
(Talk Show)အစီအစဉ်၌ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျန်းမာရေး ကြီးကြပ်(၂) ဦးရဲထက်က သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မြို့လုံးကျွတ်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို မြို့ပြန်/ဆက် ဦးစီးမှူးဒေါ်နှင်းယုဝေနှင့် ဆွေးနွေးခြင်းအား (Talk Show) အစီအစဉ်အဖြစ် online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများ အသိပညာဗဟုသုတ အလွယ်တစ်ကူရှာဖွေရရှိစေရန်နှင့် အများပြည်သူ သိရှိလိုက်နာဆောင်ရွက်သင့်သည့်၊ အကျိုးဖြစ်ထွန်းစေမည့် အသိပညာပေး အစီအစဉ်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ၊ ကျွမ်းကျင်သူများနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးလျက် (Talk Show) အစီအစဉ်များကို (online) မှတစ်ဆင့် ရိုက်ကူး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)