စစ်ကိုင်း ဇူလိုင် ၁၅
သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း)၊ တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူး၍ (၁၁) ကြိမ်မြောက်၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမအတွင် ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းမြို့၊ ရွှေသမားဘုန်းတော်ကြီးသင် ကျောင်းတိုက်ဦးစီးပဓာန ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး) များ၊ သင်ကြားရေးဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြည်ညိုကြ၍ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကာ ဆရာတော်ဘုရားထံမှ အနုမောဒနာ တရာများ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် နှစ်စဉ် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူ ဒါန်း ပူဇော်လာခဲ့ရာ (၁၁)ကြိမ်မြောက်ရှိ ရှိနေပြီဖြစ်ကြောင်း လာမည့်နှစ်တွင်လည်း ဆက်လက်လှူဒါန်း ပူဇော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဇော်မြင့်နိုင်