ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်နှင့်တပြေးညီ  ကယ်ဆယ်နိုင်ရေးအတွက် အသင့်စုဖွဲ့ထားရှိ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျောက်တန်းမြို့နယ် မီးသတ်စခန်းရှိ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်/စက်များ အသင့်စုဖွဲ့ထားရှိမှုကို ယမန်နေ့နံနက် ၈နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

မင်းလှ၌ အသက် (၅) နှစ်မှ (၁၂) နှစ်အောက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက အသက် (၅) နှစ်မှ (၁၂) နှစ်အောက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို အမှတ်(၇) ရပ်ကွက်၊ အ.မ.က ပြည်တော်သာကျောင်း၌ ယနေ့ နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။

မိုင်းဆတ်မြို့၊ သဗ္ဗညုဘုန်းတော်ကြီးကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ သဗ္ဗညုဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် (၁၀)နာရီက ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်လမ်းဦးစီးဌာန၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာနှင့် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျိုင်းတုံတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပသည်။

မြိတ်မြို့တွင် အစိုးရဓမ္မာစရိယ၊ နိကာယ်နှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ

၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယ၊ နိကာယ်(၅)ရပ်နှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် မြိတ်စာဖြေဌာနမှ အောင်မြင်ခဲ့သည့် စာအောင်သံဃာ တော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်(၁)ဦးတို့အား စာအောင်လက်မှတ်နှင့် စာအောင် အလှူတော်ငွေဆက်ကပ်လှူဒါန်းပွဲကို မြို့ကျက်သ ရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်၌ ယနေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

တာမွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့ မွန်းလွဲပိုင်းအချိန်က တာမွေ(ယာယီ)စျေးမှ စျေးရုံကိုယ်စားလှယ် ဦးကြည်မြင့်နှင့် မိသားစုက မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

လမ်းမတော်မြို့နယ်တွင် စာဖတ်ဝိုင်း ကျင်းပ

လမ်းမတော်မြို့နယ်တွင် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လည်(၂) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Subscribe to