တံတားဦးမြို့နယ် ပြူကန်ကျေးရွာတွင်ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး ပြူကန်ကျေးရွာတွင် ကောက် စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီက ကွင်းအမှတ်(၁၃၄၀) ပြူကန်ကွင်း တောင်သူ ဦးဝင်းချိုလယ်၌ ကျင်းပခဲ့ကြောင်းသိရသည်။