တံတားဦး ဇူလိုင် ၂၇
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး ပြူကန်ကျေးရွာတွင် ကောက် စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီက ကွင်းအမှတ်(၁၃၄၀)ပြူကန်ကွင်း တောင်သူ ဦးဝင်းချိုလယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
သရုပ်ပြပွဲတွင် တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာနဦးစီးအရာရှိ ဦးတင့်ဇော်က ကောက်စိုက်ဖြင့် စိုက်ပျိုးရာတွင် ပျိုးထောင်ရလွယ်ကူခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ပျိုးနှုတ်ရန်မလိုအပ်ခြင်း၊ ပျိုးပင်များမနာသဖြင့် ကောက်ပင်လှန်ရက် စောင့် ဆိုင်းရန်မလိုခြင်း၊ ကောက်ပင်များ နေ၊ ရေ၊ လေ အာဟာရမျှတစွာ စားသုံးရခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးထားသော စပါးခင်းကို ရိတ်သိမ်း ခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းခြွေလှေ့နိုင်ခြင်း၊ ဒေသခံတောင်သူများ လယ်ယာသုံး စက်ကိရိယာ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများထယ်ရေးထွန်ယက်ခြင်းလုပ်ငန်းအား အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ် ကိုင်နိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ခြင်းကို ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးနှင့် ဝန်ထမ်းများ၊ တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှု လယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်ဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများက ကောက် စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြခြင်းကို ကြည့်ရှုလေ့လာအားပေးကြပြီး တောင်သူများ၏ သိရှိလိုသည်များကို မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။
တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ပြူကန်ကျေးရွာ၌ ယနေ့တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို (၅)ဧက စိုက်ပျိုးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် တစ်ဧကလျှင် ပျိုးဘမ်း(၈၀ မှ ၁၀၀)ကြားတွင်စိုက်ပျိုးနိုင်ကြောင်း၊ ပျိုးဘမ်းတစ်ဘမ်းလျှင် မျိုးစပါး နို့ဆီဘူး(၁)ဘူးသာကုန်ကျပါကြောင်း တောင်သူများအနေဖြင့် မျိုးစပါးကုန်ကျသက်သာခြင်း၊ ပျိုးနှုတ်ခြင်းမှသက်သာခြင်းနှင့် လူအားဖြင့် ကောက်စိုက်ခြင်းမှ သက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်းသိရသည်။
ရဲတင့်