ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီးဝန်းအတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား အရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်နှင့် ဝန်ထမ်းမိသားစုဝင်များမှ စုပေါင်း၍ ယနေ့ နံနက် ၅ နာရီအချိန်တွင် ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီးဝန်းအတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။