ကျောက်တံတား ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်နောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်မှ ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများက ကျင်းပပြုလုပ်သော လှော်ကားရေဝေရေလဲဒေသ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို သွားရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ကျောက်တံတားမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်၍ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရွှေဇင်ခိုင်(ပြန်ဆက်)