ပန်းတောင်းမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်စေရေးအတွက် Mask Campaign ဆောင်ရွက်

ပန်းတောင်း  ဇူလိုင်  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာစေရေးအတွက် ယနေ့နံနက် နာရီ က   ပန်းတောင်းမြို့မစျေးတွင် စျေးရောင်း၊ စျေးဝယ်သူများ Mask Campaign များ ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ ခေါင်းဆောင်သော အဖွဲ့ဝင်များဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သန်းလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပန်းတောင်းမြို့မစျေးအတွင်း စျေးရောင်း၊ စျေးဝယ်များ၊ မြို့မစျေးတစ်လျောက်တွင် လမ်းသွားလမ်းလာပြည်သူများ ရောဂါပိုးမကူးစက်စေရေးအတွက် mask မပါသောပြည်သူများကို ဝေငှခြင်း၊ တပ်ဆင်စေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)