ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် Talk Show ကျင်းပ

ဗဟန်း     ဇူလိုင်    ၂၇

၂၀၂၂-ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၁၁နာရီအချိန် က ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းမြို့နယ်ဦးစီးအရာရှိက  Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာရေးဆရာမ တင်ထက်ထက်ဇော် (ပေါက်ပေါက်)က  ကမ္ဘာ့အသည်းရောင်ရောဂါနေ့ ဖြစ်ပေါ်လာပုံ၊ အသည်းရောင်အသားဝါပိုးများ၏ ကွာခြားပုံနှင့် အသည်းရောင်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ စသည်တို့နှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စန္ဒာမိုး