ပိုင်ကျုံမြို့အမှတ်(၃)ရပ်ကွက်‌ ဈေးမြေနေရာ အားခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ၊ ဈေးရောင်းဈေးဝယ်မှုများအဆင်ပြေလွယ်ကူစေရေးနှင့်သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်တွင်ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် (၄၁.၅) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဈေးမြေနေရာအား ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၄ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲခရိုင်အဆင့် ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၂) ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ခရိုင်အဆင့် အောင်မြင်စွာ ကျင်းပရေးအတွက် အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ် ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထပ်မံထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြား ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ဆေးများအား ဇူလိုင်လ ၂၅ ရက်နေ့ နံနက် (၁၁)နာရီအချိန်မှစတင်၍ တတိယအကြိမ် ထပ်မံထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်ဖြစ်သည့် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ရေငံ- သရက်ကုန်းကျေးရွာရှိ အေးမြကန်သာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ထိုးနှံပေးလျက်ရှိသည်။

ပျော်ဘွယ်မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌ ဖလား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီမှကြီးမှူးကျင်းပသည့် အသက်(၁၆)နှစ် အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒေးဒရဲမြို့နယ်ရှိ ဆန်စက် စပါးခွံသိုလှောင်ရုံ၌ မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တော်တနီးလမ်းသစ်ရှိ အမေ့သားဂုဏ်ရောင်ဆန်စက်တွင် ယနေ့နံနက် ၇ နာရီ ၂၀ မိနစ်အချိန်က စပါးခွံဂက်(စ်) တာဘိုင်စက်ရုံ၏ စပါးခွံသိုလှောင်ခန်း ဖွဲမီးလက်ကျန်များမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် လျင်မြန်ချောမွေ့စေရေး ပြည်သူ့ဝန်ဆောင်မှု(One Stop Shop)ရုံးနှင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတို့အား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းကဘားအံမြို့စုပေါင်းရုံးရှိ ပြည်သူ့ဝန်ဆောင်မှု(One Stop Shop)ရုံးနှင့် အမှတ်(၄)ရပ်ကွက်၊ သီရိလမ်းပေါ်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် မြောင်းမြမြို့တွင် ခရိုင်အဆင့် ကျင်းပ သည့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ-ထ-က(၁)ကျောင်း ပညာရတနာခန်းမ၌ (၂၃)ကြိမ် မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီတွင် ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာတက္ကသိုလ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေး၊မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်အတွင်း အများပိုင်ဘိလပ်မြေစက်ရုံ အောင်မြင်စွာ တည်ထောင်နိုင်ရေး ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ပြည်နယ်အတွင်း အများပိုင်ဘိလပ်မြေ စက်ရုံ အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ တာဝန်ရှိသူများနှင့် ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

တကောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိ ပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲဆောင်ရွက်ခြင်းကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဇူလိုင်လ ၂၅ ရက်နေ့နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ကြောင်း သိရသည်။
Subscribe to