တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အအုံ မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးများ လှူဒါန်းပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေဇာလီဘုန်းကြီးကျောင်း၌ ၁၉၁၃ခုနှစ်တွင် ဆောက်လုပ်ခဲ့သော ရှေးဟောင်းသာသနိက အဆောက်အအုံအား မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေး ဘူးများ လှူဒါန်းပေးအပ် ခြင်းကို ယနေ့နံနက် ( ၉ )နာရီကဆောင်ရွက်ခဲ့ကြောင်းသိရသည်။