မိုင်း​နောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းကောင်စီ ဥက္ကဋ္ဌ ဘောလုံးအသင်းပြိုင်ပွဲ ဆုပေးပွဲပြုလုပ်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကောင်စီ ဥက္ကဋ္ဌ ဘောလုံးအသင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း

စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမည်စိုးရိမ်ရသဖြင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စတို့အား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ ပေးအပ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပတ္တမြားခန်းမဆောင်တွင် ဧရာဝတီမြစ်ကမ်းပါးနှင့် နီးစပ်သည့် ကျေးရွာအုပ်စု(၅)အုပ်စုရှိ အိမ်ထောင်စု(၉၃)စုတို့မှ မိသားစုဝင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်ခဲ့ကြသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးမြေ(၅၈၀)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  စိုက်ပျိုးသီးနှံများအောင်မြင်စေရေး မြောင်းရေသောက်စနစ်ဖြင့် ရေးများပေးဝေလျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် စိုက်ပျိုးမြေ(၅၈၀)ဧက ရေပြည့်ဝစွာရေးပေးဝေနိုင်ရေး မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၁၈.၀၀၀)သန်းဖြင့် သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးရန် လျာထားလျက်ရှိကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉နာရီအချိန် က အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၅၃၉)ဦးရှိကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးလွမ်းခြုံမှုရှိစေရန် ဒုတိယအကြိမ် (၆၀၆)ဦး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွမ်းခြုံမှုရှိစေရန် ပထမအကြိမ်ထိုးနှံပြီးသူ ကျောင်းသား/သူများ (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် အမှတ်(၁၃)ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် မလစ်ကျေးရွာအုပ်စုမှ အမှတ်(၁၆)၊ အမှတ်(၁၇)အခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းသားသူများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် (၉)နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Gender, CEDAW, NSPAW နှင့် UNSCR 1325 ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျောက်မဲခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှမ်းရွာသစ်မြို့လမ်းဦးစီးဌာနမှ ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လမ်းဘေးဝဲယာကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းနှင့် မြေထိန်းနံရံပြု လုပ်ခြင်းလုပ်ငန်းများကို မေလပထမပတ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအ ချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လဲချားမြို့နယ်ရပ်ကွက်/ကျေးရွာများတွင် (GIS)နည်းပညာ အသုံးပြု၍ တည်နေရာ Point များ ကွင်းဆင်းကောက်ယူ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လဲချားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်

သံတောင်ကြီးမြို့ ရှင်ဂျော့ဂျက်အင်္ဂလီကန်အသင်းတော်မှ မုန့်ဖုတ်သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ ရှင်ဂျော့ဂျက်အင်္ဂလီကန်အသင်းတော် အမျိုးသမီးအသင်းမှ ဦးဆောင်၍ မုန့်ဖုတ်သင်တန်းကို ယနေ့(၈)နာရီအချိန်က ရှင်ဂျော့ဂျက် အသင်းတော်ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Subscribe to