ချမ်းမြသာစည် ဇူလှိုင် ၂၇
မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းကို ယနေ့နံနက် (၉)နာရီတွင် ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီးအမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲမှူး၊ ဒုရဲမှူးကြီး မျိုးဝင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးခြင်း၊ အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူး ရဲမှူးခင်မောင်သိန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းကို (၃)ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသ (၅၆ )ဦး တက်ရောက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)