မောက်မယ်မြို့နယ်မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ယနေ့နံနက်၉နာရီခွဲမှစတင်ပြီး မြို့လယ်ဓမ္မာရုံ၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုတက္ကသိုလ်တွင် ဘာသာရပ်အလိုက် စားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ် ဘာသာရပ်အလိုက် စားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၈နာရီ အချိန်က အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်ကရစ်ပစ္စည်းများ မှာယူသုံးစွဲသူများပြားလာ၍ လုပ်ငန်းရှင်များအဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချလျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ယခုရက်ပိုင်းတွင် မှာယူအသုံးပြုသူများပြားလာသည့်အတွက် လုပ်ငန်းလုပ်ကိုင်သည့် ပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၁ ခုနှစ် မတ်လနှင့်ဧပြီလများတွင် Covishield (အိန္ဒိယဆေး)နှင့် (၇-၈-၂၀၂၁)ရက်နေ့မှ (၃၀-၄-၂၀၂၂) ရက်နေ့တွင် ကာကွယ်ဆေး အကြိမ်ပြည့် (၂)ကြိမ် ထိုးနှံနိုင်ခဲ့သည့် နိုင်ငံဝန်ထမ်းများ၊ အသက်(၁၈)နှစ်အထက်ပြည်သူများအား တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး၊ အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁၈)နှစ် အထက်ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းပြင်ပပြည်သူ များကို ပထမအကြိမ်ကာကွယ်ဆေး၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်အသီးသီးတွင် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခဲ့ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ဇူလိုင်လ ၂၇ရက် နံနက်ပိုင်း(၉)နာရီအချိန်မှစ၍ နောင်ချိုမြို့ ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ရွှေပေါက်ကံဒေသန္တရ ကျန်းမာရေးဌာန၊ မယ်လမုစင်တာနှင့် (ဌ)ရပ်ကွက်ဒေသန္တရ ကျန်းမာရေးဌာန တို့တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင်  ရာသီစာမျှစ်များတူးဖော်ရောင်းချခြင်းဖြင့်  မိသားစုအပိုဝင်ရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင်  ဥယျာဉ်ခြံလုပ်ငန်းနှင့်တွဲဖက်၍   မိုးဦး ကျကာလတွင်  တောတောင်ဥယျာဉ်ခြံများ၌   သဘာဝအတိုင်းပေါက်ရောက်နေသော လူကြိုက်များသည့် ရာသီစာမျှစ်များ တူးဖော်ရောင်းချလျက်ရှိကြောင်းသိရသည်။

မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆွမ်းဆန်တော်(၅)အိတ်ဆက်ကပ်လှူဒါန်း

မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ လေးမျက်နှာပရိယတ္တိစာသင်တိုက်တွင် စာဝါလိုက်နေသော သံဃာတော်များ ဆွမ်းကွမ်းပြည့်စုံစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါကျောင်းတိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပုံပါကျင်မြို့၌ ဆီထွက်သီးနှံဖြစ်သော နှမ်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး နှမ်းစိုက်ပျိုးရောင်းချသူအတွက် အဆင်‌ပြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် နယ်စပ်မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး ယခုနှစ်ရာသီတွင် ဆီထွက်သီးနှံဖြစ်သော နှမ်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး

ပေါက်ခေါင်းမြို့၌ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အစားအစာများဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း (အုတ်ပုံ)တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေး( ၂ )ကြိမ်ထိုးပြီးသူများ (၄)လပြည့်လျင် Booster Dose ထိုးနိုင်‌ပြီ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သတ်မှတ်အကြိမ်များအလိုက် ဆေးထိုးနှံပေးလျက်ရှိသည်။
Subscribe to