ကျိုက်ဒုံမြို့ အမှတ်(၅/၆)ရပ်ကွက် ဘုရင့်နောင်လမ်းဘေးအုတ်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်

ကျိုက်ဒုံ ဇူလိုင် ၂၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီကာလ၌ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေး အဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ(၁၅၅.၄၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံ မြို့အမှတ်(၅/၆)ရပ်ကွက်/ဘုရင့်နောင်လမ်းဘေးအုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအမှတ်(၅/၆)ရပ်ကွက်/ဘုရင့်နောင်လမ်းဘေးအုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် လမ်းဘေး ဝဲ၊ ယာ အုတ်စီရေမြောင်းပေအရှည်(၃၁၄၀)ပေ၊အကျယ်(၂ပေ ၆ လက်မ)၊ အနက်(၂ ပေ ၆ လက်မ)ဖြစ်ပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်