မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်မြို့ ရွှေတစ်ချောင်လမ်း၌ (Mask Campaign) ပြုလုပ်

ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ ရွှေတစ်ချောင်းလမ်း၌ ယနေ့ နံနက် ၇ နာရီခွဲ အချိန်က ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က (Mask Campaign) ပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထပ်မံထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့မရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် မိသားစု ဆီဖူလုံမှုရရှိစေရေး တစ်ပိုင်တစ်နိုင် မြေပဲစိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် ဝမ်ဟေကျေးရွာအုပ်စု၊ ခိုတိဝိုးကျေးရွာနေ ဒေါ်ပါညွှန့်၏ ယာခင်း၌ မိသားစု ဆီဖူလုံမှုရရှိစေရေးအတွက် တစ်ပိုင်တစ်နိုင် မြေပဲစိုက်ပျိုးထားကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအားထပ်​ဆောင်း ကိုဗစ်-၁၉ ကာကွယ်​ဆေး (Booster) ထိုးနှံ​​​

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ကို​ဗစ်-၁၉ ကာကွယ်​ဆေး ထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်​ဆောင်ရွက်​ပေးလျက်ရှိရာ ယ​မန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁) ရပ်ကွက် ဘုရင့်​နောင်ပွဲရုံ၊ ရန်ကြီး​အောင်ဓမ္မာရုံ၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအားထပ်​ဆောင်း ကိုဗစ်-၁၉ ကာကွယ်​ဆေး (Booster) ထိုးနှံ​​ပေး​ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များအခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

(၃၄) ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာအောင်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းခွ(ဂျီ)ကျေးရွာအုပ်စု၊ ချောင်းခွ(ဂျီ)ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက(၃၄) ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာအောင်ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာ အောင်မြင်သူ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာ အောင်မြင်သူ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ပွင့်ဖြူမြို့နယ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်သည်လုပ်ငန်းရှင်များအား လာရောက် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကုန်စည်ဒိုင်အသင်းအဖွဲ့များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဒေသတွင်းရှိ စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ကုန်စည်ထုတ်လုပ်မှုနှင့် ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

နတ်​မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် မိုးနှမ်းစံပြကွက်ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် မိုးနှမ်းစံပြကွက်များ ယမန်နေ့ နံနက် (၇)နာရီက စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
Subscribe to