မြဝတီမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း ဖွင့်လှစ်
မြန်မာ-ထိုင်းနယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်သည် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့်အတွက် လူကုန်ကူးမှုအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီအချိန်က မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။