ဒေးဒရဲမြို့၌ ကျေးလက်ဒေသမီးလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျေးရွာများတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်ဒေသ မီးလင်းရေး တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ကျောင်းတက်ရန် သွားလာရေး အခက်အခဲရှိသည့် ကျောင်းသား/သူများအား စက်ဘီးများငှားရမ်းပေးခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ပညာသင်ယူရာ၌ သွားလာရေးအခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စက်ဘီးများငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်၈နာရီက ပေါက်အိုင်ကြီးကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာရှိ ကွင်းအမှတ် (၁၁၁၅) တောင်သူ ဦးသန့်ဇင်၏ လယ်မြေ (၆)ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (TSDP)အစီအစဉ်အရ  မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး (U-18) ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်း (၂၀၀) လွဲပြောင်း ပေးအပ်ခြင်းနှင့် စီမံချက်ရေးဆွဲနည်း  သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပလောက်မြို့တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အသက်(၈)လမှ အသက် (၃) နှစ်အရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ပလောက်မြို့၊ တိုက်နယ်ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးစပါးဧက(၁၁.၇၃)ဧက ပျက်စီးဆုံးရှုံးမှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ဩဂုတ် ၁ ရက်မှစတင်ကာ ယနေ့ နံနက်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မိုင်းလုံးကျေးရွာအုပ်စု အတွင်းရှိ မိုးစပါးစိုက်ပျိုးထားသော လယ်မြေဧက(၁၁.၇၃)ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

လမိုင်းမြို့၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး

မွန်ပြည်နယ်၊ လမိုင်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ မွေးကင်းစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ယနေ့နံနက်ပိုင်းက လမိုင်းမြို့ မြို့မ(၁)ရပ်ကွက် ကျန်းမာရေးဆေးပေးခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်‌ရေး အသိပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်  ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ  အသိပေးချက်များကို   ယနေ့နံနက်  ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ဒေသခံစီးပွားရေး လုပ်ငန်းများရှင်များက ကြီးမှူးကျင်းပသည့် မနောလိဂ် အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်၏ ဘောလုံးအားကစားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အတွင်းရှိ ဒေသခံစီးပွားရေး လုပ်ငန်းရှင်များက ကြီးမှူး၍ ဒေသတွင်း ဘောလုံးအားကစား တိုးတက်မြင့်မားရေး၊ လူငယ်/လူရွယ်များ အားကစားတွင် ပူးပေါင်းပါဝင်လာစေရေး အတွက် ဘောလုံးကလပ်အသင်း ၁၂ သင်းဖြင့် (၃)လကြာ ကျင်းပပြုလုပ်ခဲ့သည် မနောလိဂ်အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့်
Subscribe to