လမိုင်းမြို့၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး

လမိုင်း သြဂုတ် ၂

မွန်ပြည်နယ်၊ လမိုင်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ မွေးကင်းစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ယနေ့နံနက်ပိုင်းက လမိုင်းမြို့ မြို့မ(၁)ရပ်ကွက် ကျန်းမာရေးဆေးပေးခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကျန်းမာ‌ရေးဦးစီးဌာန ဝန်ထမ်းများက ကလေးငယ်များ ကိုယ်ဝန်ဆောင်မိခင်များက ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မွေးကင်းစမှ  အသက်(၁)နှစ်‌အောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားရောဂါနှင့် ဦးနှောက် အမြှေးရောင်ရောဂါ၊ ပိုလီယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ဖြူဖြူအေး(ပြန်/ဆက်)