ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီ သီးနှံမျိုးစုံ ၆၆၄၄၇ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် မိုးရာသီ သီးနှံမျိုးစုံ ၆၆၄၄၇ ဧက စိုက်ပျိုးပြီးစီးကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မချမ်းဘော့မြို့၌ မိုးစပါး ဆင်းဧကရီ-၃ စိုက်ခင်းအတွင်း ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ (၁အချိုး၃) အချိုးကျမြေသြဇာကြဲပက်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါး ဆင်းဧကရီ-၃ အထွက်တိုးစိုက်ခင်းအတွင်း ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ (၁အချိုး၃) အချိုးကျရောစပ်ထားသော မြေသြဇာများ တောင်သူပညာပေးအနေဖြင့် ကြဲပက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မချမ်းဘော့မြို့ ရပ်ကွက်(၄) တောင်သူ ဦးရမ်ဆိုင်း၏ လယ်မြေသုံးဧက၌ ကျင်းပသည်။

စတုတ္ထအကြိမ်မြောက် ဓါတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်မျိုးသန့်ခြံသို့ ရောက်ရှိခဲ့ပြီး မျိုးသန့်ခြံဆိုင်ရာ အချက်အလက်များအား မျိုးသန့်ခြံတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့သည်။

မုဒုံမြို့နယ် ဝင်းစိန်တောရ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များနေ့စဉ် အခမဲ့လှူဒါန်းဖြန့်ဖြူးပေး

မွန်ပြည်နယ် မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ ရဟန်းရှင်လူ ပြည်သူများ ထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်အိုးများကို နေ့စဉ်မပြတ် အခမဲ့ ဖြန့်ဖြူးပေးလျက်သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးကျော်ထွန်း၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ လေယာဉ်ကွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်မည့်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် ဆေခမ်းရပ်ကွက် လေယာဉ်ကွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် လမ်းဘေးဝဲယာအုတ်စီရေမြောင်းပြုလုပ် အကောင်အထည်ဖော် ဆောင်ရွက်မည့်နေရာသို့ ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်၌ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် ငါးသယံဇာတ၊ ရေသယံဇာတတိုးပွားစေရေးအတွက် ရွှေညောင်ပင် ဂုန်ညှင်းတန်းအောက် ငုတန်းပိုင်း ကြေးတိုင်အင်းအတွင်းသို့ ငါးသားပေါက် ၁၅၀၀၀၀ မျိုးစိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြစ်ချောင်း အင်းအိုင်များတွင် ငါးသယံဇာတ ရေသယံဇာတတိုးပွား စေရေးနှင့် မပြုန်းတီးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာပိုမို ဖူလုံလာစေပြီး စားသုံးမှုမြင့်မားလာနိုင်ရေးအတွက် ရည်ရွယ်၍ ကြေးတိုင်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စုပေါင်းငါးမျိုးစိုက်ထည့်ကြသည်။

ရေတွင်းဟောင်းထဲ ပြုတ်ကျနေသော တောဆင်ပေါက်တစ်ကောင်အား ဆယ်တင်ပေးနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကွင်းကောက်ကျေးရွာအုပ်စု၊ ကွင်းကောက်ကျေးရွာ လေးပေစင်(ဒေသအခေါ်)တောလမ်းဘေး ရေတွင်းဟောင်းထဲ ပြုတ်ကျနေသော တောဆင်ပေါက်တစ်ကောင်းအား ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ပြန်လည် ဆယ်တင်ပေးနိုင်ခဲ့သည်။

မကွေးပညာရေးဒီဂရီကောလိပ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆိုပြိုင်ပွဲနှင့် ဆုပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်  

မကွေးပညာရေးဒီဂရီကောလိပ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆိုပြိုင်ပွဲနှင့် ဆုပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားကို  ယမန်နေ့ ညနေ(၄)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေ သကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်နှင့် leo Shine International Co.,Ltd တို့အား သီးခြားလက်ခံတွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် leo Shine International Co.,Ltd တို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။

လိပ်သိုမြို့ လမ်းဦးစီးဌာနမှ သံကူကွန်ကရစ်တံတားသစ်များ တည်ဆောက်ပြီးစီးပြီးဖြစ်၍ မော်တော်ယာဉ်များ သွားလာမှု ပိုမိုမြန်ဆန်ချောမွေ့

ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သော တောင်ငူ(ကျောက်တိုင်)-လိပ်သို-လွိုင်ကော်-ဟိုပုံး ပြည်ထောင်စုလမ်း (NH-21) (ကရင် ပြည်နယ်) လမ်းပိုင်းပေါ်ရှိ သံကူကွန်ကရစ်တံတား(၃)စင်း တည်ဆောက်ရေး လုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်၍ ခရီးသည်နှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိရာ ယခင်ကထက် သွားလာမှု ပိုမိုမြန်ဆန်ချောမွေ့လျက်ရှိကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
Subscribe to