ခရမ်းမြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၅)ခရိုင် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို ဩဂုတ်လ ၂ ရက် ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ကျောင်းသား/သူများအား အဆင့်(၂) ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူး ရုံးမှ  မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင် ကြီးကြပ်၍  မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆင့်(၂) ပန်းခင်းစီမံချက်ဖြင့်  အခြေခံပညာအထက်တန်း (၄)မိုင် ကျောင်းရှိ ကျောင်းသား / သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီခွဲ အချိန်က ထိုးနှံပေးလျက်ရှိသည်။

ဗန်းမော်မြို့တွင် ငါးသယံဇာတများ တိုးပွားလာစေရန် ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ တစ်သိန်း ငါးမျိုးစိုက်ထည့်ခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ငါးသယံ ဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဧရာဝတီမြစ် အတွင်းသို့ ငါးမျိုးစိုက် ထည့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဗန်းမော်မြို့ မြို့မရပ်ကွက်ရှိ ကမ်းသာဦး ဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရကျန်းမာရေးဌာန(၃)ခုတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပူတာအိုမြို့၌ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်း(၂/၂၀၂၂)ဖွင့်လှစ်

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကချင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီနှင့် Beulah Land လူမှုကူညီရေးအသင်းတို့ ပူးပေါင်းမှုဖြင့် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း (၂/၂၀၂၂)သင် တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက် (၂) ရဝမ်နှစ်ခြင်းအသင်းတော်ဘုရားကျောင်း၌ ကျင်းပသည်။

အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း ဆောင်ရွက်ပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများတွက် လစဉ် လဆန်း၁ရက်နေ့တိုင်း အသက်တစ်နှစ်အောက်ကလေးများမှအစ မွေးကင်းစကလေးအထိ ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ် ဆေးထိုးခြင်းများကို ယမန်နေ့နံနက် ၉နာရီက စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တာမွေမြို့နယ်တွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဟင်းသီးဟင်းရွက်ဆီများအား စျေးနှုန်းချိုသာစွာ လိုက်လံရောင်းချ

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိ စားသုံးနိုင်စေရေး အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏အစီအစဉ်ဖြင့် Wilmar Myanmar Edible Oils Ltd. မှ တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက်(၁၆၅)လမ်းတွင် စျေးကားဖြင့် ( Mobile Market ) ဖွင့်လှစ်၍ သန့်ရှင်း လတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဟင်းသီးဟင်းရွက်ဆီများအား စျေးနှုန်းချိုသာစွာ အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးခဲ့ကြသည်။
Subscribe to