ဘုတ်ပြင်း ဩဂုတ် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အသိပေးချက်များကို ယနေ့နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်း၍ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့လျက်ရှိရာ ကာကွယ်တားဆီးနိုင်ရေး သတိပြုရန်လိုအပ်ကြောင်း မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ လူစုဝေးရာ၌ နှာခေါင်းစည်းတပ်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးသွားနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ အကြိမ်ပြည့်ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဖြူဖြူသိန်း