မုဒုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုကို လျော့နည်းလာစေရန်နှင့် ရောဂါဖြစ်ပွားမှုကြောင့် သွေးလန့်၍ အသက်ဆုံးရှုံးမှုများ မရှိစေရန်အတွက် မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ကျင်းပသည်။

ခရိုင်အဆင့် ရှာ​ဖွေကယ်ဆယ်​ရေး မွမ်းမံသင်တန်းဖွင့်

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က  လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  

ဆီဆိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် စာသင်ကျောင်း အုတ်တံတိုင်းပြိုကျပျက်စီးမှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် စာသင်ကျောင်း အုတ်တံတိုင်း ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်မထီးကျေးရွာ ပြန်လည်ထူထောင်ရေးနေအိမ်များ ဆောက်လုပ်ခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုနှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ‌ကော်မတီ၏ ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်မထီးကျေးရွာ ပြန်လည်ထူထောင်ရေးနေအိမ်များ ဆောက်လုပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မုံရွာမြို့ကုတင် (၅၀၀)ဆံ့ ပြည်သူဆေးရုံးခန်းမ၌ ကျင်းပပြုလုပ်ရာအင်မထီးကျေးရွာ ပြန်လည် တည်‌ဆောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၁၀)မှ တာဝန်ရှိသူများ၊ တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တာချီလိတ် နင်္ဂါးနှစ်ကောင် ဆရာတော်အား သွားရောက်ဖူးမြော်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ယနေ့နံနက် (၉)နာရီက တာချီလိတ်မြို့  နင်္ဂါးနှစ်ကောင် ဆရာတော်အား သွားရောက်ဖူးမျှော်ကာ

ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အခြေခံပညာကျောင်းများ၌ ခရိုင်လူမှုဝန်ထမ်းရုံးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်၊ လူကုန်ကူးမှု အန္တရာယ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်များ စသည့် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရန် ဧက(၅)သိန်းခန့် လျာထားသည့်အနက် ဧက(၃)သိန်းခန့် စိုက်ပျိုးပြီးစီး

ကချင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရန် ဧက(၅)သိန်းခန့် လျာထားသည့်အနက် ဧက(၃)သိန်းခန့် စိုက်ပျိုးပြီးစီး မြစ်ကြီးနား ဩဂုတ် ၁ ယော်ဆောင်(ပြန်/ဆက်)

ဂွမြို့တွင် ပန်းခင်းစီမံချက်အဆင့်(၂)၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မြေပြင်ကွင်းဆင်း ဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းကြီးကြပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် သြဂုတ်လ(၁)ရက်နေ့လည်ပိုင်း အချိန်က မြို့မရပ်ကွက် ကမ်းခြေဦးတွင် ပန်းခင်းစီမံချက်အဆင့်(၂)၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မြေပြင်ကွင်းဆင်း ဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ပေါင်မြို့နယ်တွင် အသက်(၂)နှစ်​အောက် က​လေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး

မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားစိုက်ဧက၏ (၉၅) ရာခိုင်နှုန်း (၆၁၇၈၃)ဧက စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူဦးကြီးများ စားနပ်ရိက္ခာဖူလုံ၍ ဝင်ငွေတိုးပွားလာစေရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းပြည်ပ စျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မျှော်မှန်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ဇူလိုင်လ ၃၁ ရက်နေ့အထိ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားဧက၏ (၉၅) ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
Subscribe to