ကျောက်ပန်းတောင်းမြို့နယ်ရုံး (Community Centre) ခန်းမတွင် မီဒီယာအချက်အလက်ဆိုင်ရာသိနားလည်မှုသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ဝန်ထမ်းများ မီဒီယာနှင့် ပတ်သက်၍ သိရှိထားသင့်သည်များကို သိရှိနိုင်စေရန်နှင့် အများ ပြည်သူသို့ အသိပညာ ဖြန့်ဝေပေးနိုင်စေရန် ရည်ရွယ်၍ မီဒီယာအချက်အလက်ဆိုင်ရာ သိနားလည်းမှု သင်တန်းကို ယနေ့နံနက်(၉)နာရီက  အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား စားသုံးဆီများ သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင်များအသင်း စီမံချက်ဖြင့် အိမ်ထောင်စုဝင်များအား စားသုံးဆီများကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီ အချိန်မှစတင်ကာ စလင်းမြို့ မဏိဇောတဆီစက်နှင့်၊ တက်နေဝင်းဆီစက် ၊ဆီအရောင်းဆိုင်တို့မှ စားသုံးသူတစ်ဦးလျှင် ဆီ(၁)ပိသာ (၆၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် မိုးစပါး (၁၆၃၈၁၀ ) ဧက စိုက်ပျိုးပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဆန်စပါး ဖူလုံပိုလျှံ​ရေးအတွက် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးစပါး (၂၀၄၁၂၂) ဧက စိုက်ပျိုး သွားမည်ဖြစ်ရာ (၁၆၃၈၁၀)ဧက စိုက်ပျိုး ပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒဂုံမြို့နယ်အတွင်းရှိ​ ကျောင်းများတွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းနှင့် နဝဒေလမ်းထောင့်ရှိ အထက(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့​ နေ့လယ်၁၂:၀၀နာရီမှ ၁၃:၃၀ နာရီအချိန်ထိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ကျောင်းသား(၁၅) ဦး၊ ကျောင်းသူ(၂၂)ဦး၊ စုစုပေါင်း(၃၇)ဦးတို့အား ထိုးနှံပေးခဲ့ပြီးကာကွယ် ဆေး(၁)လုံးလျှင် (၅)ဦးနှုန်းဖြင့် (၃၇)ဦး အတွက် ဆေးအလုံးရေ (၇.၄)လုံးအား ထိုးနှံပေးခဲ့ကြသည်။

ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာမြင်းခြံ ကျော်အောင်(ခ)သန်းထက်စံ၏ “ကြီးပွါးအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာရေးဆရာစာဖတ်ဝါသနာရှင်များ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ၏ “ကြီးပွါးအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကာဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းလှမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ်(၁၈၅၁၃၀၀၀၀၀) ထုတ်ချေးပေးနိုင်ခဲ့

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်‌ချေးပေးလျက်ရှိရာ ယမန်‌‌နေ့ထိ (၁၈၅၁၃၀၀၀၀၀)ကျပ် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့သည် ခင်မွန်ကျေးရွာသို့ သုံးရက်ကြာ ကွင်းဆင်း၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းမှ စတင်၍ ယမန်နေ့ ညနေပိုင်းအထိ ခင်မွန်ကျေးရွာသို့ ကွင်းဆင်းပြီး ပြည်သူများနှင့် တွေ့ဆုံကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဌာနများမှ ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Boosterထပ်ဆောင်းထိုးနှံ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကျန်းမာရေးဌာန (ပြည်ကြီးမဏ္ဍိုင်)၌ ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံကူညီမှုဖြင့် သာယာဝတီမြို့တွင် မိုးစပါးစံပြစိုက်ကွက် ဧက ၃၀ အား Mobile Solar Pump ဖြင့် ရေတင်ခြင်း လုပ်ငန်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် မိုးရွာသွန်းမှုနည်းပါးသည့်အတွက် ကျွန်းကုန်းအုပ်စု၊ ကျွန်းကုန်းကျေးရွာရှိ တောင်သူ ဒေါ်အေးစန်း၏ GW-11 မိုးစပါးစံပြစိုက်ကွက် ဧက ၃၀ အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံကူညီမှုဖြင့် Mobile Solar Pump ဖြင့် ရေတင်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ကြည့်ရှုအားပေး ပေးခဲ့ကြောင်း သိရသည်။
Subscribe to