ကလောမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်

ကျေးလက်နေ တိုင်းရင်းသူလေးများအား အခြေခံအချုပ်အလုပ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပညာရပ်များသင်ကြားတတ်မြောက်ပြီး မိမိတို့ရပ်ရွာဒေသအတွင်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်များ ဆောင်ရွက်ခြင်းဖြင့် မိသာစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စု၊ ကန်ပြင်ကျေးရွာတွင် ကလောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကန်ပြင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

လားရှိုးမြို့၌ ပန်းခင်းစီမံချက် အဆင့်-၂ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ပန်းခင်းစီမံချက် အဆင့်-၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန္နီမြို့နယ်၌ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများ ပြုလုပ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူနှင့် ဝန်ထမ်းများသည်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းများကို ပန်းခင်းစီမံချက်(၂) ဖွင့်ပွဲအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ သိန္နီမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်း​​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ First dose ၊ Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ အမှတ်(၆) ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်း သိရသည်။

ရေးမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်အခွင့်အရေး၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မိုင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ် ရေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေး၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မိုင်း အန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှုပိုမိုမြင့်မား လာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများစာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထပ်မံထိုးနှံ

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီး နိုင်စေရန်အတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ဝင်းအတွင်းရှိ စာကြည့်တိုက်ခန်းမ၌ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အဆိုပါ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း (၃၀၀)ဦးကို COVIDSHIELD အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ကြီးမှူးကျင်းပသည့် မနောလိဂ်အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်၏ ဘောလုံးအားကစားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အတွင်းရှိ ဒေသခံစီးပွားရေး လုပ်ငန်းရှင်များက ကြီးမှူး၍ ဒေသတွင်း ဘောလုံးအားကစား တိုးတက်မြင့်မားရေး၊ လူငယ်/လူရွယ်များ အားကစားတွင် ပူးပေါင်းပါဝင်လာစေရေးအတွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံကူညီမှုဖြင့် မင်းလှမြို့တွင် မိုးစပါးစိုက်ခင်း (၉) ဧကအား Mobile Solar Pump ဖြင့် ရေတင်ခြင်း လုပ်ငန်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးရွာသွန်းမှုနည်းပါး၍ မိုးစပါးစိုက်ခင်းများအတွင်း ရေလုံလောက်စွာမရရှိအတွက် အင်ကြင်းကုန်း အုပ်စု၊ အင်ကြင်းကုန်းကျေးရွာရှိ တောင်သူ ဦးညိုဝင်း၏ လယ်မြေ(၉)ဧက၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော GW-11 မိုးစပါးစိုက်ခင်းအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံကူညီမှုဖြင့် Mobile Solar Pump ဖြင့် ရေတင်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
Subscribe to