မချမ်းဘော့ ဩဂုတ် ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်း (၂၀၀) လွဲပြောင်း ပေးအပ်ခြင်းနှင့် စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မချမ်းဘော့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့် (လက်ထောက်ညွှန်ကြားရေးမှူး)က စီမံကိန်းအကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများဖြစ်သည့် ရှိန်ကိုင်ယာန်ကျေးရွာနှင့် ဆင်လွမ်ဒမ်း - ၁ ကျေးရွာများထံ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီနှင့် စီမံကိန်းလက်စွဲစာစောင်များ လွဲပြောင်း ပေးအပ်၍ ကျေးရွာစီမံကိန်းကော်မတီဝင်များမှ အသီးသီးလက်ခံရယူသည်။
ထို့နောက် ကျေးရွာစီမံကိန်း ကော်မတီတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦ်းအောင်ကိုဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)