လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)မြို့မ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့မအထက်တန်းကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။