မိုင်းခုတ် ဩဂုတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ဩဂုတ် ၁ ရက်မှစတင်ကာ ယနေ့ နံနက်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မိုင်းလုံးကျေးရွာအုပ်စု အတွင်းရှိ မိုးစပါးစိုက်ပျိုးထားသော လယ်မြေဧက(၁၁.၇၃)ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းလုံးကျေးရွာအုပ်စုအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိ သော နမ့်လုံးချောင်းရေမြင့်တက်လာကာ ချောင်းဘေး ဝဲ၊ ယာတွင် တောင်သူ(၂၅)ဦး စိုက်ပျိုးထားသော မိုးစပါးလယ်မြေဧက(၁၁.၇၃)ဧကမှာ ရေလွှမ်းမိုးခြင်းနှင့် ရေတိုက်စားမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)