ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ကျင်းပ

ကျွန်းစု ဩဂုတ်၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (TSDP)အစီအစဉ်အရ  မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး (U-18) ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ညီညာစွာ ရွတ်ဆိုခဲ့ကြသည်။

ထိုနောက် အမျိုးသမီး (U – 18) ဖူဆယ်ဘောလုံးပြိုင်ပွဲကို အ.ထ.က ကတ္တလူ(က)အသင်းနှင့် အ.ထ.က(ခွဲ)က ဘင်းချောင်း (ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြကာ အ.ထ.က ကတ္တလူ(က)အသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲတွင် အခြေခံ ပညာကျောင်းအသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဩဂုတ်လ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)