ဒေးဒရဲ သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျေးရွာများတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်ဒေသ မီးလင်းရေး တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် မဟာဓာတ်အားလိုင်း မရရှိနိုင်သည့် ကျေးရွာများတွင် အသေးစားဆိုလာ လျှပ်စစ်စီမံကိန်း (Mini Grid)နှင့် တစ်အိမ်သုံး ဆိုလာစနစ်များကို ကျေးရွာများတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ ကျေးရွာ(၁၇၅)ရွာ၊ အိမ်ထောင်စု(၇,၃၇၅)စုအား ကျေးရွာမီးလင်းရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ကျေးရွာအုပ်စု(၂၅)စု၊ ကျေးရွာ(၅၂)ရွာ အိမ်ခြေ(၇,၄၆၇)အိမ်ရှိ လူဦးရေ(၃၂,၃၁၈)ဦးအား တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် ကျေးလက်ဒေသများ မီးလင်းရေး ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ တစ်အိမ်သုံး ဆိုလာစနစ်ရရှိသော ကျေးရွာများရှိ အများပြည်သူများနှင့် သက်ဆိုင်သော အခြေခံပညာကျောင်းများ၊ ကျန်းမာရေးဌာနများနှင့် လမ်းမီးများကို အခမဲ့တပ်ဆင် ဆောင်ရွက်ပေးလျက်ရှိရာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
အေဇာလင်း
မြို့နယ်(ပြန်/ဆက်)