မုဒုံမြို့နယ် ဝင်းစိန်တောရ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များနေ့စဉ် အခမဲ့လှူဒါန်းဖြန့်ဖြူးပေး

မုဒုံ သြဂုတ် ၃

မွန်ပြည်နယ် မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ ရဟန်းရှင်လူ ပြည်သူများ ထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်အိုးများကို နေ့စဉ်မပြတ် အခမဲ့ ဖြန့်ဖြူးပေးလျက်သည်။

မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၊ ကမာဝက်မြို့တိုက်နယ်ဆေးရုံ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များနှင့် အနီးပတ်ဝန်ကျင်ဒေသများရှိ အောက်ဆီဂျင် လိုအပ်သူများထံသို့ ဇူလိုင်လအတွင်း (၄၀)လီတာအိုး ကိုယ်ပိုင်အိုးဖြင့် လာရောက်ဖြည့်သည့် အိုးအလုံးရေ(၈၈)အိုး၊ စက်ရုံမှငှားယူသည့်အိုး (၃၆)အိုး စုစုပေါင်း (၁၂၄)အိုးကို စက်ရုံမှ ဖြည့်သွင်းပေးနိုင်ခဲ့ကြောင်း၊ လစဉ်(၄၀)လီတာ အိုးအလုံရေ (၁၃၀)ခန့်ကို လိုအပ်သူများထံသို့  ဖြည့်သွင်းဖြန်ဖြူးပေးလျက်ရှိကြောင်း၊ စက်ရုံလည်ပတ်မှုကိုလည်း အောက်ဆီဂျင် လာရောက်ဖြည့်သွင်းမှုပေါ် မူတည်၍ လိုအပ်သလို စက်လည်ပတ် ဖြည့်သွင်းပေးလျက်ရှိပြီး တစ်နေ့လျှင် (၄၀)လီတာအိုး အလုံးရေ (၁၅၀)ခန့်အထိကို ဖြည့်သွင်းပေးနိုင်ကြောင်း စက်ရုံမှတာဝန်ရှိသူထံမှ သိရှိရသည်။

သားငယ်(မုဒုံ)