ပန်းတနော်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ (၄) ဦးသေဆုံးပြီး (၅) ဦးဒဏ်ရာရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မင်းဆယ်အုပ်စု၊ လှိုင်းတာကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်အမှတ် ၅၃/ ၃နှင့်၅၃/၄ကြားတွင် ယမန်နေ့ ည ၇နာရီအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။