ရှမ်းရွာသစ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ဒေသနေပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး မှတ်တမ်းဓာတ်ပုံများနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်ကပ်စာစောင်များကို ကျောင်းသား/သူများနှင့် ဒေသနေပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်ရန်အတွက် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်း၌ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက စာသင်ကျောင်းများသို့ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခေတ်အဆက်ဆက် ရိုးရာအိုးလုပ်ငန်း လုပ်ကိုင်သူ လျော့နည်းလာခြင်းကြောင့် ပျောက်ကွယ်တော့မည့် အခြေအနေ ရောက်ရှိလာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အမှတ်(၃)တောင်ကုန်းရပ်ရှိ ခေတ်အဆက်ဆက် ရိုးရာအိုးလုပ်ငန်းလုပ်ကိုင်သူ တစ်နှစ်ထက်တစ်နှစ် လျော့ကျလာနေကြောင်း ရိုးရာအိုး အမျိုးမျိုးလုပ်ငန်းလုပ်ကိုင်သည့် ဦးမြင့်ဆွေက ပြောပြသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် Cash For Work စီမကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် Cash For Work စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ဥတ္တရခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။   

မင်းလှမြို့နယ်တွင် ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ ဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဌာနဆိုင်ရာများ၏ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်ရှိ ဆည်ရေသောက် မိုးစပါး စိုက်ပျိုးတောင်သူများ မိုးစပါးများ စတင် စိုက်ပျိုး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆည်ရေသောက်ဧရိယာမှ စိုက်ခင်းများ စိုက်ပျိုးရေ ပြည့်ဝစွာ ရှိသည့်အတွက် ၂၀၂၂ခုနှစ် မိုးစပါးကို စတင်စိုက်ပျိုးနေကြောင်း သိရှိရသည်။

နမ္မတူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်အဆင့်-၂ဖြင့် အသက် (၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၇၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားကတ်အလွယ်တကူ ကိုင်ဆောင်ခွင့်ရရှိစေရန်ရည်ရွယ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ(အခမဲ့)ကွန်ပျူတာ သင်တန်း(၆)ရက်မြောက်နေ့ ဆက်လက်သင်ကြား

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ(အခမဲ့) ကွန်ပျူတာသင်တန်း(၆)ရက်မြောက်နေ့ကို ယမန်နေ့ ညချမ်းအချိန်က သဖန်းကိုင်း ပရဟိတကျောင်း ကွန်ပျူတာခန်းမ၌

ရပ်စောက်မြို့နယ်၌ မွေးစမှအသက်တစ်နှစ်ခွဲအထိကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သနပ်ပင်မြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software ရေးသွင်းနေမှုအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခရိုင်၊ သနပ်ပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အစည်းအဝေးခန်းမ များ၌ ယမန်နေ့ နံနက် ၇ နာရီအချိန်က အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာ အတွင်းရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Subscribe to