မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန်ထမ်းများမှ ရွေ့လျား စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာကြည့်တိုက်သို့မလာနိုင်သည့် စာ‌ပေချစ်သူ၊ စာဖတ်ပရိတ်သတ်မျာ

မကွေးမြို့ရှိ ပြည်သူများအား ဈေးနှုန်း ချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကန်သာဈေးတွင် ယနေ့ နံနက်ပိုင်းက မကွေးမြို့ရှိ ပြည်သူများအား ဈေးနှုန်း ချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဝါသနာတူ ကလပ်အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ပြည်သူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍  ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက ဝါသနာတူ ကလပ်အသင်းများ စုစည်းပြီး စာရေးသူ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ ရေးသားထားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင် ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့ရှိ ရှေးဟောင်း ကျောက်စာများအား မွန်ကျောက်စာ သင်တန်းသားများအဖွဲ့ လာရောက် လေ့လာ

မွန်ပြည်နယ်၊ သထုံမြို့၊ ရွှေစာရံစေတီတော်ဝန်းအတွင်းရှိ ရှေးဟောင်း မွန်ကျောက်စာများ အပါအဝင် သမိုင်းဝင် ရှေးဟောင်းကျောက်စာများ ယဉ်ကျေးမှုအမွေအနှစ်များကို မွန်တိုင်းရင်းသား ရဟန်းသံဃာ‌တော်များနှင့် လူပုဂ္ဂိုလ်များပါဝင်သည့် မွန်ကျောက်စာ သင်တန်းသားများ လေ့လာရေး ခရီးစဉ်အဖြစ် ယနေ့ နံနက်က လာရောက် ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးသူငယ်များအား ကာကွယ်ဆေးများတိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း စိုက်ပျိုး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာ(ဗမာရွာ)ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများကို မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ခရိုင်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က လပွတ္တာမြို့ အ.ထ.က(၁)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့မဈေးကြီးအတွင်း မီးသတ်ယာဉ်များ ဝင်/ထွက်သွားလာနိုင်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးကြီးအတွင်း စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ယာဉ်များ ဝင်/ထွက်သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ရေးတို့အတွက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် နွေစပါးနှင့် နေကြာသီးနှံစိုက်ပျိုးသည့် တောင်သူများအား စတုတ္ထအကြိမ် ယူရီးယားဓာတ်မြေဩဇာရောင်းချပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် နွေစပါးနှင့်နေကြာသီးနှံစိုက်ပျိုးသည့် တောင်သူများအား စတုတ္ထအကြိမ် ယူရီးယားဓာတ်မြေဩဇာရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to