ညောင်လေးပင်မြို့နယ်တွင် နွေစပါးနှင့် နေကြာသီးနှံစိုက်ပျိုးသည့် တောင်သူများအား စတုတ္ထအကြိမ် ယူရီးယားဓာတ်မြေဩဇာရောင်းချပေးအပ်ခြင်း အခမ်းအနားကျင်းပ

ညောင်လေးပင် ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် နွေစပါးနှင့်နေကြာသီးနှံစိုက်ပျိုးသည့် တောင်သူများအား စတုတ္ထအကြိမ် ယူရီးယားဓာတ်မြေဩဇာရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံပိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်မှ ဓာတ်မြေဩဇာများအား အကျိုးရှိစွာ သုံးစွဲရေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျေးရွာအုပ်စု(၁၃)အုပ်စုမှ တောင်သူများသို့ ယူရီးယားဓာတ်မြေဩဇာ(50)kgအိတ်ပေါင်း ၂၆၉.၂၉ အိတ်အား အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများမှ ရောင်းချပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်