၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးနှင့် အချိန်စေ့လွန် ကြွေးကျန်များ ပြေကျေရေး တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးနှင့် အချိန်စေ့လွန်ကြွေးကျန်များ ပြေကျေရေးတို့အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်း ဝေါမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီမြို့တွင် ဒေသတွင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေး မိုးနေကြာစိုက်ဧက ၃၈၀ ကျော်ရှိသည့်အနက် မျိုးစေ့ထုတ်စိုက်ဧက ၈၀ ကျော် စိုက်ပျိုးထား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ဒေသတွင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ဖြန့်ဖြူး ရောင်းချနိုင်ရေး မိုးနေကြာစိုက်ဧက ၃၈၀ ကျော်ရှိသည့်အနက် မျိုးစေ့ထုတ်စိုက်ဧက ၈၀ ကျော် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ညနေပိုင်းက လမ်းမတိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၊ မြတောင်တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းနှင့် ရန်အောင်မြေ တိုက်ပွဲရှောင်ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အောင်ချမ်းသာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် လူမှုဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုဘဝမြင့်မားတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပြီး ၂၀၂၂-၂၀၂၃-ခုနှစ်ဘဏ္ဍာနှစ်၌ အောင်ချမ်းသာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)လုပ်ငန်းများဆောင်ရွက်ပေးခြင်းကြောင့် လူမှုဘဝ များ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

အလုံမြို့နယ် အမှတ်(၄)အ​ခြေခံပညာမူလတန်း​ကျောင်းသို့ ​ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်၊ စာ​စောင်များ ကွင်းဆင်းငှားရမ်း​ပေး

ကျောင်းသား၊ လူငယ်များ စာ​​ပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အ​လေ့အထများရရှိ​စေရန်နှင့် အသိပညာဗဟုသုတများ ရရှိ​စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှဝန်ထမ်းများသည် ယ​နေ့နံနက် ၁၀ နာရီအချိန်က အလုံမြို့နယ်အမှတ်(၄)အ​ခြေခံပညာမူလတန်း​ကျောင်းတွင် ​ရွေ့လျား စာကြည့်တိုက်ဖြင့် စာအုပ်၊ စာ​စောင်များ ကွက်းဆင်းငှားရမ်း​ပေးခဲ့​ကြောင်း သိရသည်။

မိုင်းယောင်း၌ ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်တပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း 

နန့်မွန်းမြို့၌ အထက်ဘက်မှ မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေများ လျှံတက်လာပြီး မြို့ပေါ် ရပ်ကွက်များအတွင်း လူနေအိမ်များတွင် ရေများဝင်ရောက်၍ ကားလမ်းအချို့နေရာများတွင် ရေကျော်ဖုံးလွှမ်း

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ယနေ့ နံနက် (၆)နာရီခန့်က အထက်ဘက်မှ မိုးများသည်းထန်စွာ ရွာသွန်းမှု ကြောင့် နန့်မွန်းချောင်းနှင့် နန့်သာအင်းချောင်းများမှ ရေများလျှံ တက်လာပြီး နန့်မွန်းမြို့ပေါ်ရပ်ကွက်များရှိ အနိမ့်ပိုင်းလူနေအိမ်များအတွင်း ရေများဝင်ရောက်၍ ကားလမ်း အချို့နေရာများတွင် ရေကျော်ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်ရှိ ဂေါဝိန်နယ်‌မြေမီးသတ်စခန်းတွင် သံကူကွန်ကရစ် (RC) နှစ်ထပ်အဆောက်အအုံ ဆောက်လုပ်မည်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ ဂေါဝိန်နယ်‌မြေမီးသတ်စခန်းတွင် သံကူကွန်ကရစ်(RC)နှစ်ထပ် ဆောက် လုပ်မည်ဖြစ်ကြောင်း သိရသည်။
Subscribe to