မကွေး ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကန်သာဈေးတွင် ယနေ့ နံနက်ပိုင်းက မကွေးမြို့ရှိ ပြည်သူများအား ဈေးနှုန်း ချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
မကွေးမြို့ရှိ ကန်သာဈေး၌ ကုမ္ပဏီများမှ ဖြန့်ဖြူး ရောင်းချပေးသော စားအုန်းဆီများ ဝယ်ယူရရှိသော မကွေးမြို့ရှိ ဆီလုပ်ငန်းရှင်များမှ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် စားသုံးသူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် လူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ (၁)ပိဿာ (၄၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး အဆိုပါ ရောင်းချနေမှုအား မကွေးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)