ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center)တွင် အခမ်းအနားမှူး (Master of Ceremony) သင်တန်းဖွင့်လှစ် ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ အသီးသီးမှ  ဝန်ထမ်းများ မိမိတို့ ဌာနအဖွဲ့အစည်း အသီးသီးရှိ အခမ်းအနားများ ကျင်းပပြုလုပ်

မိုးကောင်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP နှင့် Cash For Work စီမံကိန်းဆေင်ရွက်မည့် ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP နှင့် Cash For Work စီမံကိန်းဆောင်ရွက်မည့်ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို အစည်းအဝေးခန်းမ၌ ဩဂုတ်(၃)ရက် နံနက်(၁၀)နာရီခွဲတွင် ကျင်းပခဲ့သည်။

ဖျာပုံမြို့၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ခရိုင်အဆင့် ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးများ ကိုဗစ်-၁၉ရောဂါကူးစက်မှု ကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် Phase-12 (Sinopharm) ထိုးနှံခြင်းလုပ်ငန်းအား     ယနေ့နံနက် (၉:၀၀)နာရီမှ မွန်းလွဲ (၂:၀၀) နာရီအထိ ၁/ထူပါရုံရပ်ကွက်ရှိ ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ၁/အနော်မာရပ်ကွက်ရှိ School-19 ကိုယ်ပိုင်အထက်တန်း ကျောင်းနှင့် New lighter ကိုယ်ပိုင်အထက်တန်းကျောင်းများရှိ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ(၁၀၀၀)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာ ဝင်းကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်း ရှိ၊ မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်း ရှိ၊ မရှိ၊ စနစ်တကျ စစ်ဆေးပြီး ဆေးထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးအား ဆက်လက်ထိုးနှံဆောင်ရွက်ခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း(၄၆)ကျောင်း၊ အလယ်တန်း(၆) ကျောင်း၊ အထက်တန်း(၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း(၈)ကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် အသက်(၁၂)နှစ်မှ(၁၈)နှစ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်သည်။

မိုးကောင်းမြို့၌ မွေးစမှ(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီတွင် အဆိုပါဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ လှူဒါန်းသော စာအုပ်များကို ကော့ကရိတ်မြို့ အခြေခံပညာကျောင်းစာကြည့်တိုက်များသို့ ပြန်လည်လှူဒါန်း

ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့မှ ကော့ကရိတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် လှူဒါန်းထားသော သုတရသ စာအုပ်များအား ပြန်လည်ထပ်ဆင့်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်က ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဒေးဒရဲမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာခြင်းဆက်လမ်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူနေမှုဘဝများ ဖွံ့ဖြိုးရေး၊ လူမှုစီးပွားများ တိုးတက်စေရေးနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေရေးတို့အတွက် ကျေးရွာလမ်းများ၊ ကျေးရွာခြင်းဆက်လမ်းများနှင့် ကုန်ထုတ်လမ်းများကို ပြည်သူလူထုပါဝင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ မြို့တစ်ပတ် ငါးရံ့မင်း ပရိတ် ရွက်ဖတ် ပူဇော်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးကျန်အေး ဉီးဆောင်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်းကာ ပင့်သံဃာတော်များဖြင့် ယနေ့ နံနက်(၇)နာရီခွဲ အချိန်က ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီးကျောင်းမှ စတင်၍ မြို့တစ်ပတ်ငါးရံ့မင်း ပရိတ်ရွက်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to