လပွတ္တာခရိုင်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

လပွတ္တာ ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ခရိုင်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ် စာမေးပွဲတွင်  ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က လပွတ္တာမြို့ အ.ထ.က(၁)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် လပွတ္တာ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဖျော်ဖြေကြပြီး လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က ၂၀၂၂ ခုနှစ် တက္ကသိုလ် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်အတွင်းရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ သော ကျောင်းသူ မယဉ်ငြိမ်းသန့်နှင့် (၅)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ(၄)ဦးအား လပွတ္တာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က ဆုချီးမြှင့်ခဲ့ပြီး (၄)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ ဆုများပေး အပ်ချီးမြှင့်ခဲ့ပြီး ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများက အသီးသီးလက်ခံရယူကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မယဉ်ငြိမ်းသန့်က ကျေးဇူးတင် စကား ‌ပြန်လည်ပြောကြားပြီး အ.ထ.က(၁) ကျောင်းသူ၊ ကျောင်းသားများက “ဇာတိမာန်” သီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင် (ပြန်/ဆက်)