တောင်တွင်းကြီးမြို့နယ်၌ ယခင်နှစ်က မိုးများအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ပျက်စီးသွားသည့်‌ ကျေးရွာချင်းဆက်လမ်းပိုင်းအား ပြန်လည်ပြုပြင်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၁ ခုနှစ်က မိုးများအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့်‌ ပျက်စီးသွားသည့် မထီ-တည်တော-ကိုးပင်‌ ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးလက်ကျောက်ချော မြေနီလမ်းမကြီးအား မတည်အလှူရှင်အဖြစ် ရန်ကုန်မြို့‌နေ ဒေါ်မျိုးမျိုးခိုင် (မျိုးထက်ဇော်ကုမ္ပဏီ) မိသားစု၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ယမန်နေ့နံနက်ကစတင်၍‌ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာ အထက(ခွဲ)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြာပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဘက်စုံထူးချွန်၍ ကျောင်းနေပျော်၍ စာတော်သောကလေးငယ်များဖြစ်လာစေရေး၊ အနာဂါတ်တွင် ယဉ်ကျေးလိမ္မာ၍နိုင်ငံတော်မှအားကိုးအားထားပြုရသော သားကောင်းရတနာများပေါ်ထွန်းလာရေးတို့အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က သိန္နီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နမ့်စလပ်တွင် ဟောပြောခဲ့သည်။

ကွတ်ခိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၀၉:၃၀)အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်မိုးအောင်ဦးဆောင်သည့် ဝန်ထမ်းများသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု ဆယ်သိန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု ဆယ်သိန်းကျေးရွာ၌ ယနေ့နံနက် ၉ နာရီ မီနစ်၅၀ အချိန်က မီးလောင်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ တိုင်ထောင်ပဲတောင့်ရှည်များ စျေးကောင်းရရှိ၍ စီးပွားဖြစ်စိုက်ပျိုးလာ

မွန်ပြည်နယ် မုဒုံမြို့နယ် အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ အရှေ့ဘက် ၁၉ မိုင်ခန့်အကွာတွင် မြေငလျင်လှုပ်ခတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အရှေ့ဘက် ၁၉ မိုင်ခန့်အကွာတွင် ဩဂုတ် ၁ ရက်နေ့ ည ၁၀ နာရီ ၃၃ မိနစ် အချိန်က ရစ်(ခ်)တာစကေး (၅.၆)အဆင့်ရှိ အင်အား အသင့်အတင့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို သြဂုတ် ၃ ရက်နေ့ နံနက် (၉)နာရီမှ ညနေ(၃)နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာ ဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.မ.က(မူလွန်)သောင်းတိုင် ကုန်းနှင့် အ.မ.က(မူလွန်)သစ်တောကျောင်းများသို့ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သံဖြူဇရပ်၌ ကွမ်သတ်ကျေးရွာ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ပဒံငံလေးကျေးရွာ ရေပေးဝေရေးလုပ်ငန်း သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ဖြင့်ကွမ်သတ်ကျေးရွာ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ပဒံငံလေးကျေးရွာ ရေပေးဝေရေးလုပ်ငန်း သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီရေးအတွက် မြို့နယ် တည်ဆောက်ရေးကော်မတီမှ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to