ဝေါမြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် အလကခွဲ အေးချမ်းသာယာကျောင်းသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှု နိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်လွဲပိုင်းက အေးချမ်းသာယာရပ်ကွက် အခြေခံပညာ အလယ်တန်းခွဲကျောင်းသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။