ပေါက်ခေါင်း ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးကြီးအတွင်း စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ယာဉ်များ ဝင်/ထွက်သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ရေးတို့အတွက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ အတွင်းရေးမှူး ရဲမှူးကိုကိုနိုင်၊ အဖွဲ့ဝင်(၂)ဦးမြင့်ဌေး၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသန်းနှင့် တပ်ဖွဲ့ဝင်များသည် မြို့မဈေး နယ်နိမိတ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် မြို့မဈေးကြီးမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက မီးသတ်ယာဉ်များ အလွယ်တကူ ဝင်/ထွက်သွားလာနိုင်ရေးအတွက် ယာဉ်လမ်းကြောင်းများ ရှင်းလင်းထားရှိရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်