ညောင်လေးပင်မြို့နယ်တွင် အသက် ၁ နှစ်ခွဲ​အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးထိုးနှံခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး​၊ ​ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၁)နှစ် ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး နှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး သင်တန်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊‌ ညောင်လေးပင် မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ကာ ပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး သင်တန်းဆွေးနွေးပွဲကို ယနေ့နေ့လည် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးသူငယ်များအား ကာကွယ်ဆေးများတိုက်ကျွေးခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (မတ်လန်း)ကျေးရွာတွင် လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (မတ်လန်း)ကျောင်းတွင် ဟောပြောပွဲ ကျင်းပခဲ့ပါသည်။

ငပု​တောမြို့နယ်၊ ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု၊ ရေငံ-သရက်ကုန်း​ကျေးရွာ အ​ခြေခံပညာ အထက်တန်း​ကျောင်း( ခွဲ )တွင်  (၁၈)ကြိမ်မြောက်  စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု ၊ ​ရေငံ-သရက်ကုန်း​ကျေးရွာ အ​ခြေခံပညာအထက်တန်း​ကျောင်း(ခွဲ) သံလွင်​ဆောင်ခန်းမတွင် ​ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာများ၊  ​ကျောင်းသား၊ ​ကျောင်းသူများ စုပေါင်း၍ (၁၈)ကြိမ်​မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရယ်မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ်တစ်ပါတည်းဆောင်းရန် အသိပေးနှိုးဆော်ထား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်စီး နင်းသူများအနေဖြင့် မည်သည့်အကြောင်းကိစ္စဖြင့်ဖြစ်စေ အပြင်ထွက်သွားလာပါက ဆိုင်ကယ် စီးဦးထုပ်တစ်ပါတည်းဆောင်းလာရန်

နမ့်စန်တွင် အသက်(၁၆)နှစ်အောက်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ရှုံးထွက်(ကွာတားဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲများကို ဇူလိုင်လ ၂၇ ရက်မှ စတင်၍ နမ့်စန်အထက ဘောလုံးကွင်းတွင် ကျင်းပလျက်ရှိရာရာ ယနေ့နံနက် ၈ နာရီက  ပထမအကြိမ် ရှုံးထွက်(ကွာတားဖိုင်နယ်)ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ယခင်နှစ်က မိုးများအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ပျက်စီးသွားသည့်‌ ကျေးရွာချင်းဆက်လမ်းပိုင်းအား ပြန်လည်ပြုပြင်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၁ ခုနှစ်က မိုးများအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့်‌ ပျက်စီးသွားသည့် မထီ-တည်တော-ကိုးပင်‌ ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးလက်ကျောက်ချော မြေနီလမ်းမကြီးအား မတည်အလှူရှင်အဖြစ် ရန်ကုန်မြို့‌နေ ဒေါ်မျိုးမျိုးခိုင် (မျိုးထက်ဇော်ကုမ္ပဏီ) မိသားစု၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ယမန်နေ့နံနက်ကစတင်၍‌ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Subscribe to