မိုင်းတုံ ဩဂုတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာကြည့်တိုက်သို့မလာနိုင်သည့် စာပေချစ်သူ၊ စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထများရရှိစေရန် ရည်ရွယ်၍ ယနေ့ ၁ နာရီအချိန်က ရွေ့လျား စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်မိုင်းတုံမြို့နယ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း(၁၅၇)အုပ်ကို သယ်ဆောင်၍ မြို့မရပ်ကွက်၊ မြန်မာ့ စီးပွားရေးဘဏ်သို့သွားရောက်၍ စာပေချစ်သူ၊စာဖတ် ပရိတ်သတ်များထံသို့ ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ရင်းစာအုပ်၊ စာစောင်များငှားရမ်းပေးခဲ့ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦး ထံမှသိရသည်။
ဝင်းဝင်းခိုင်၊(မိုင်းတုံ၊ပြန်/ဆက်)