ပေါက်ခေါင်းမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ Software Program ရေးသွင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ Software Program ရေးသွင်းခြင်း ဆောင်ရွက်သည့်လုပ်ငန်းများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ (၄၂.၃၉) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး မကွေးအခြေခံကျန်းမာရေး တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင်ခန်းမဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု‌ရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ နံနက်ပိုင်းက မကွေးအခြေခံကျန်းမာရေး တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင်ခန်းမဆောင် တည်‌ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ရာနှုန်းပြည့်ထိုးနှံ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်း အဖွဲ့များက ဇွန်လ ၃ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့ရာ ယနေ့တွင် မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူဦးရေ ရာနှုန်းပြည့် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စာရေးဆရာ အောင်ဆွေထက် (ချွေးမြို့တော်)ရေးသားသည့် “တစ်ခါတုန်းကနေပြည်တော်မှာ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့တွင် “ကလေးသူငယ် အခွင့်အရေးကိုယ်တိုင် သိရှိနားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲ ကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ အ.ထ.က (၅) အခြေခံပညာအထက်တန်းကျောင်းရှိ စုဝေးခန်းမ၌ “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိ နားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

နတ်တလင်းမြို့နယ်၌ ဘေးတစ်ဖက်တစ်ချပ် ကွန်ကရစ်လမ်းချဲ့ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကန်ကြီးလမ်း ဘေးတစ်ဖက်တစ်ချပ် ကွန်ကရစ်လမ်းချဲ့ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့  သိရသည်။

နတ်တလင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အသက်မွေးစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်ကစ၍ မြို့မရပ်ကွက်၊ မိခင်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့ကို ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ

သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားစိုက်ဧက၏ (၇၉) ရာခိုင်နှုန်း (၈၁၂၁၇)ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ တောင်သူဦးကြီးများ စားနပ်ရိက္ခာဖူလုံ၍ ဝင်ငွေတိုးပွားလာစေရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေး ကောင်းမွန်ပြီး ပြည်တွင်းပြည်ပ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးမျှော်မှန်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ မြို့နယ် အတွင်း မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားဧက၏(၇၉)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Subscribe to