ပင်လောင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးမှုလုပ်ငန်းများကို အဆိုပါ​ကျောင်းခန်းမတွင်  ဆောင်ရွက်ပေးခဲ့သည်။

ကျိုင်းလပ်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ စုပေါင်းအစာအာဟာရ တိုက်ကျွေးခြင်းများဆက်လက်ကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ဌာနဆိုင်ရာများစုပေါင်း၍ အစာအဟာရ ရက်သတ္တပတ်ဆက်လက် တိုက်ကျွေးခြင်းကို

ဖျာပုံမြို့ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ဆန်၊ ဆီ၊ ​ကြက်သွန်ထောက်ပံ့ခြင်းနှင့် ဆေးကုသဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား များအား ဆန်၊ ဆီ၊​ကြက်သွန် ထောက်ပံ့ခြင်းနှင့် ဖျာပုံခရိုင် တိုင်းရင်းဆေးကု ဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာနှင့် ဝန်ထမ်းများက အမှတ်(၁၇)ရပ်ကွက်ရှိ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား "သက်ရှည်ကျန်းမာနေနိုင်ရေး တိုင်းရင်းဆေးဖြင့် ပညာပေး" ဆောင်ပုဒ်နှင့် အညီ ကွင်းဆင်းဆေးကုသ​ပေးခြင်းကို သြဂုတ်လ (၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ တွင် ဆောင်ရွက်ကြသည်။

မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ (ဧပြီ၊ မေ၊ ဇွန်)ပထမ(၃)လပတ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စုကလိ​မြို့တွင် ကလေးငယ်များအတွက် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များ စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းအာ အကျိုးရှိစွာအသုံးချ တတ်စေရန်ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီက စုကလိမြို့ ပြည်သူ့စာကြည့်တိုက် ကလေး စာဖတ်ခန်းတွင် မူလတန်းအဆင့်  ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲဖြစ်သည့် ဘောလုံး ပစ်ပြိုင်ပွဲ အား ကျင်းပပြုလုပ်ပေးသည်။

နွေစပါးနှင့် ပဲတီစိမ်းစိုက်ဧကအပေါ် အခြေခံပြီး ပြည်နယ်စီးပွားမြှင့်တင်နိုင်ရေးဆွေးနွေး

ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သက်ရောက်မှုရှိခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝများနှင့် ပြည်နယ်၏စီးပွားရေးအခြေအနေများကို ပြန်လည်မြှင့်တင်နိုင်ရေးအတွက် နွေစပါးနှင့်ပဲတီစိမ်းစိုက်ဧကများအပေါ်အခြေခံ၍ ပြည်နယ်၏စီးပွားရေးကဏ္ဍပြန်လည်မြှင့်တင်နိုင်ရန် ပြည်နယ်စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယမန်နေ့မွန်းလွဲ ၄ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။

အင်္ဂပူမြို့နယ်တွင် မိုးနေကြာစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်း အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)ရုံး၌ ယမန်နေ့ နေလယ်ပိုင်းက ၂၀၂၂ ခုနှစ် ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။

ကမမောင်းမြို့၌ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကမမောင်းမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်း၌ ကျင်းပခဲ့သည်။

ရေဖြူမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာသိ‌ကောင်းစရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ရေဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

မြန်အောင်ဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆေးစစ်ခြင်းများ ဆောင်ရွက်ခြင်းနှင့် အာဟာရကျွေးမွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြန်အောင်ဘိုးဘွားရိပ်သာတွင် အဘိုး အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆေးစစ်ခြင်းများ၊ အာဟာရကျွေးမွေးလှူဒါန်းခြင်းကို ယနေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Subscribe to