ရေဖြူ ဩဂုတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ရေဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရေဖြူမြို့မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးခိုင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် အကြောင်း၊ အသက်ရှင်ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကာကွယ်မှု၊ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေး(၄)ရပ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများကို ရှင်းလင်းဟောပြောကာ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။
ခတ္တာ