မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွား

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ယနေ့ နံနက်(၂)နာရီအချိန်ခန့်က မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ကလော့တောင်စောင်း မြေနံရံပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် မိုးစပါး ၁၄၉၇ ဧက စိုက်ပျိုးပြီးစီး

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသတွင်းဆန်စားသုံးမှု ဖူလုံစေရေးအတွက် ယခုနှစ်မိုးရာသီ၌ တောင်ယာနှင့် လယ်ယာမြေများတွင် မိုးစပါး ၁၄၉၇ ဧက စိုက်ပျိုးပြီးစီးပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မြေဆီလွှာဓာတ်ခွဲသေတ္တာအား အသုံးပြု၍ လက်တွေ့အသိပညာပေးခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ စိုက်ပျိုးသူ ဒေသခံတောင်သူများအတွက် မြေချဉ်၊ မြေငံ၊ ကိန်းကဏန်းနှင့် မြေဆီလွှာတွင် အပင်အတွက် အဓိကလိုအပ်သည့် နိုက်ထရိုဂျင်နှင့် ဖောစပရပ် အာဟာရဓာတ်ပါဝင်မှုတို့ကို မြေဆီလွှာဓာတ်ခွဲသေတ္တာအား အသုံးပြု၍ တိုင်းတာနိုင်ကြောင်း ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံးတွင် လက်တွေ့အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ စိတ်ပါဝင်စားသူများ ဝယ်ယူသုံးစွဲလျက်ရှိကြောင်း သိရသည်။

ကရသူရိမြို့တွင် စက်သုံးဆီလောင်စာပြတ်လပ်မှုမရှိစေ‌ရေး ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် စက်သုံးဆီလောင်စာများ ပြတ်လပ်မှုမရှိစေရေး ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ “မိုဘိုင်းဖုန်းဖြင့်သတင်း ဗီဒီယိုတည်းဖြတ် နည်းသင်တန်း” ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက “မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း” ဖွင့်လှစ်ရာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများနှင့် ဗီဒီယိုတည်းဖြတ်နည်းကို စိတ်ပါဝင်စားသည့် လူငယ်များတက်ရောက်ခဲ့သည်။

မိုင်းခုတ်မြို့၌ စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များလှည့် လည်ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ် ၁၁ နာရီက အမှတ်(၂)ရပ်ကွက်အတွင်း ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့၊ အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်းတွင် (၃၇)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ အ​​ရှေ့ပိုင်းရပ်ကွက်၊ အမှတ်(၆)၊ အခြေခံပညာမူလတန်း ကျောင်း (အမက) ဥယျာဉ်ကုန်း​ကျောင်း တွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက (၃၇) ကြိမ် မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှု

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ယနေ့ နံနက်(၁)နာရီအချိန်ခန့်မှစ၍ နံနက်(၅)ခန့်အထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့တွင်းလမ်းတစ်လျှောက်ရေများ ပြည့်လျှံလျက်ရှိကာ ခြံစည်းရိုးအုတ်တံတိုင်းမှာ ပြိုလဲပျက်စီးသွားကြောင်း သိရသည်။

ဆီဆိုင်မြို့၌  စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများစာဖတ်သည့်အလေ့အကျင့် ကောင်းများတိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကိုလွယ်လင့်တကူလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့်  စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းသို့ စာအုပ်များအခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
Subscribe to